အခြေခံသမ္မာကျမ်းစာလေ့လာခြင်း

ဆရာနှင့်အတူ • 15 သခင်ခန်းစာများ • 28 ကျောင်းသားများ

အခြေခံသမ္မာကျမ်းစာလေ့လာခြင်း မှ ကြိုဆိုပါသည်။

သင်ခန်းစာစုစုပေါင်း ၁၅ ခု ရှိပါသည်။ သင်ခန်းစာတိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို မီး‌မောင်းထိုးပြီး သင့်အတွက် ဘုရားသခင်ကြံစည်ထားသော ချစ်ခြင်းမေတ္တာ သတင်းစကားများကိုသာ ဖေါ်ပြထားပါသည်။

သင်ခန်းစာတိုင်း၌ ‌မေးခွန်းများရှိပါသည်။ ထို့အမေးအ‌ဖြေများကို စစ်‌ဆေးပေးမည့်ခေါင်းဆောင်လည်း ရှိမည်ဖြစ်၍ ‌နောက်ဆက်တွဲ မေးမြန်းလိုသော‌မေးခွန်းများကိုလည်း သင့်အနေဖြင့် မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ကိုလည်းပြုနိုင်ပါသည်။ သင်ခန်းစာတိုင်း မင်္ဂလာရှိစွာဖြေဆိုရင်း ဘုရားသခင့်မျက်မှောက်တော်သာ၍ ခံစားရမည်ဟူ၍ မျှော်လင့်ပါသည်။

သင်ခန်းစာတစ်ခု (သို့) နှစ်ခု သင်‌လေ့လာပြီးတိုင်း မေးခွန်းကိုအပ်နှံရန် အကြံပြုလိုပါသည်။ သင်ခန်းစာရှိ ဝိညာဉ်‌ရေးရာများကိုနက်နဲစွာဆင်ခြင်သုံးသပ်မှုပြုနိုင်ရန် ခေါင်းဆောင်နှင့်‌မေးခွန်းများ နှီးနှောဖလှယ် ခြင်းဖြင့် အသက်တာတည်ဆောက်ခြင်းနှင့်အတူ ရင်းနှီးမှုကျွမ်းဝင်မှုကိုရရှိစေပါလိမ့်မည်။

သင်တန်းအစပြုပါ

;