သခင်ယေရှုခရစ်တော်၏ သက်တော်စဉ် သင်ခန်းစာမှ ကြိုဆိုလိုက်ပါတယ်။
သမိုင်းတစ်လျောက် လူကြည့်အများဆုံးဖြစ်သလို ရှင်လုကာခရစ်ဝင်ကျမ်းကို အခြေပြုထားသော သခင်ယေရှု သက်တော်စဉ်ကို အတူကြည့်ရှုလေ့လာကြပါစို့။
သက်တော်စဉ်အခန်းတိုင်း၌ မေးခွန်းများနှင့်အတူ သင်ခန်းစာ ၁၅ ခု ရှိပါသည်။ အဖြေများကို စစ်ဆေးပြီးမေးခွန်းများကို ဆွေးနွေးမေးမြန်းနိုင်သည့် ခေါင်းဆောင်တစ်ဦးလည်း ရှိနေမည် ဖြစ်ပါသည်။ ထိုသို့ဖြင့် သင်ခန်းစာ၌ သခင်ယေရှုခရစ်တော်နှင့် မည်သို့ဆက်စပ်နေကြောင်း နားလည်နိုင်ပါလိမ့်မည်။
သင်ခန်းစာတစ်ခု (သို့) နှစ်ခု သင်လေ့လာပြီးတိုင်း မေးခွန်းအပ်နှံရန် အကြံပြုလိုပါသည်။ သင်ခန်းစာရှိ ဝိညာဉ်ရေးရာများကို နက်နဲစွာဆင်ခြင်သုံးသပ်မှုပြုနိုင်ရန် ခေါင်းဆောင်နှင့်မေးခွန်းများ နှီးနှောဖလှယ်ခြင်းဖြင့် အသက်တာတည်ဆောက်ခြင်းနှင့်အတူ ရင်းနှီးမှုကျွမ်းဝင်မှုကိုရရှိစေပါလိမ့်မည်။